Friday, October 14, 2011

How To Insert Brushes In Photoshop

မနေ့က Brushes file တွေတင်ပေးပြီး အသုံးပြုနည်းမပြောလိုက်မိလို့..ဒီနေ့ ဒီပိုစ့်လေးထပ်တင်ပေးသွားပါတယ်…. တခါတစ်လေ ပုံတွေကိုဖန်တီးတဲ့အခါမှာပါ… ဒီပိုစ့်က အခြေခံ တစ်ခုအဖြစ် အထောက်ကူပေးမယ်လို့ ထင်ပါတယ်.. new တစ်ခုတောင်းလိုက်ပါတယ်ပြီးတော့ ရလာတဲ့ page မှာ ကျွန်တော်လိုချင်တဲ့ ပုံစံလေးတစ်ခုကို selection tools တစ်ခုသုံးပြီးတော့ အောက်မှာ ပြထားတဲ့တိုင်း color fill လုပ်ပါတယ်
ပုံ(1)
….ဂီတသင်္ကေတလေးတစ်ခုပါ..ဒါကို brush အဖြစ်သုံးပါမယ်… Alter+E ကိုနှိပ်လိုက်ပါ..နောက်ပီး B ကိုနှိပ်လိုက်မယ် ဆိုရင် အောက်ပါပုံ(2)လေး အတိုင်းရပါမယ်.. နာမည်ပေးရမဲ့အကွက်မှာကတော့ music1 လို့ သတ်မှတ်လိုက်ပါတယ်..ဒါကတော့ကြိုက်တဲ့နာမည် သတ်မှတ်လို့ ရပါတယ်….ပြီးရင် အိုကေနှိပ်ပေါ့…
ပုံ(2)
Work space ရဲ့ဘယ်ဘက်ခြမ်းက tool box ထဲမှာ brush ကိုရွေးချယ်ပါ..နောက် ကိုယ်ဖွင့်ထားတဲ့ ပုံပေါ်မှာ right click လုပ်လိုက်ပြီး ပုံ(3)မှာ ပြထားတဲ့နေရာမှာ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့လုပ်ထားတဲ့ brush ကလေးကိုတွေ့နေရပီ ဖြစ်ပါတယ်.. သူ့ကိုရွေးချယ်ပြီး brush အဖြစ်သုံးမယ်ဆိုရင် ရပါပြီ..
ပုံ(3)
save ထားပြီး install လုပ်နည်းလေးပါ…
ပုံ(3)ရဲ့မြင်ကွင့် အတိုင်းကို နဲနဲလေး ထပ်လုပ်လိုက်ပါတယ် ..အောက်ပါပုံ(4)လေးကို ထပ်ကြည့်ပီး save brush ကိုရွေးနှိပ်ပါ…ထို့နောက် window explorer ကနေ save လိုက်မယ် ဆိုရင် brush file လေးရပါပြီ..ကိုယ်save တဲ့နေရာကိုတော့ မှတ်သားထားရပါမယ်..ကြည့်လိုက်ပါ..
ပုံ(4)
ပုံ(5)
အထက်ပါ အဆင့်နှစ်ခုပီးသွားရင် ကိုယ်ပိုင် brush file ရပါပီ ….ဒါကို install လုပ်ဖို့တွက် ဆက်ပြောပါမယ်..
ကျွန်တော်တို save လုပ်ထားခဲ့တဲ့ Brush File ကို copy လုပ်လိုက်ပါ…..
Window ပေါ်က Photoshop နဲ့ပတ်သက်တဲ့ Application တွေကို ပိတ်လိုက်ပါ…
Start Menu->All Programs ကနေ adobe photoshop Cs…. ကိုright click လုပ်ပီး properties ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ဘောက် မှာ open file location ကိုဝင်လိုက်ပါ..window xp မှာဆိုရင်တော့ Find Target ကိုနှိပ်ရင်ရပါတယ်…ဒီ ထဲမှာ Presets Folder ထဲကိုဝင်လိုက်ပါ..Brushes ဆိုတဲ့ Folder ထဲကို ထပ်ဝင်လိုက်ပီးရင်တော့ right click လုပ်ပီး Paste လုပ်လိုက်ပါ….ပီးရင် ပိတ်..နောက် ခုနဖွင့်ထားတဲ့ properties box ကို Apply-> ok လုပ်….ကိုယ်ပြန်သုံးချင်တဲ့ခါကျရင်.. brush tool ရဲ့ Right click ထဲမှာတင် အဆင်သင့် ရနေပီဖြစ်ပါတယ်…ဒါဆို အဆင်သင့်ပြုလုပ်ပြီးသား Brushes ဖိုင်တွေကိုလဲ ဒီတိုင်း လုပ်လို့ရပါပြီ…

No comments:

Post a Comment