Wednesday, September 28, 2011

Black Light Effect (Video Tutorial)



ဒီလိုပုံလေး ဖန်တီးဖို့တွက် ဖိုတိုရှော့ကျူတိုရီရယ်ဗွီဒီယိုဖိုင်လေးလေးတင်ပေးလိုက်ပါတယ်... အောက်မှာဒေါင်းလိုက်ပါ.. ဖိုင်ဆိုဒ် က 17MB လောက်ပဲ ရှိတာမို့ မကြီးပါဘူး..အဆင်ပြေကြပါစေခင်ဗျာ..
ဒါကတော့ You Tube တိုက်ရိုက်ကြည့်လို့ရတဲ့လင့်ပါ့..
ဒါကတော့ ဒေါင်းလုဒ်ယူရ အောင်ပေးတဲ့လင့်ပါ......

Photoshop မှာ ကိုယ်ပိုင် brush တွေ ဘယ်လိုတည်ဆောက်မလဲ……?...

တခါတစ်လေ ပုံတွေကိုဖန်တီးတဲ့အခါမှာပါ… ဒီပိုစ့်က အခြေခံ တစ်ခုအဖြစ် အထောက်ကူပေးမယ်လို့ ထင်ပါတယ်.. ဒါမဲ့ အများကြီး
လုပ်ပြဖို့ရာလွယ်ဘူး.ဟီး အခက်ခဲ ရှိပါတယ် အခြေခံ နမူနာလေးပဲ လုပ်ပြတော့မယ်

..new တစ်ခုတောင်းလိုက်ပါတယ်..ကြိုက်သလိုတောင်းပါ ..သုံးရ ရင်ပြီးရောပေါ့..

ပြီးတော့ ရလာတဲ့ page မှာ ကျွန်တော်လိုချင်တဲ့ ပုံစံလေးတစ်ခုကို selection tools တစ်ခုသုံးပြီးတော့ အောက်မှာ
ပြထားတဲ့တိုင်း color fill လုပ်ပါတယ်

ပုံ(1)

image 1

….ဂီတသင်္ကေတလေးတစ်ခုပါ..ဒါကို brush အဖြစ်သုံးပါမယ်… Alter+E ကိုနှိပ်လိုက်ပါ..နောက်ပီး B ကိုနှိပ်လိုက်မယ် ဆိုရင် အောက်ပါပုံ(2)လေး
အတိုင်းရပါမယ်.. နာမည်ပေးရမဲ့အကွက်မှာကတော့ music1 လို့

သတ်မှတ်လိုက်ပါတယ်..ဒါကတော့ကြိုက်တဲ့နာမည် သတ်မှတ်လို့ ရပါတယ်….ပြီးရင်

အိုကေနှိပ်ပေါ့…

ပုံ(2)

image 2



Work space ရဲ့ဘယ်ဘက်ခြမ်းက tool box ထဲမှာ brush ကိုရွေးချယ်ပါ..နောက် ကိုယ်ဖွင့်ထားတဲ့ ပုံပေါ်မှာ right click လုပ်လိုက်ပြီး
ပုံ(3)မှာ ပြထားတဲ့နေရာမှာ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့လုပ်ထားတဲ့ brush

ကလေးကိုတွေ့နေရပီ ဖြစ်ပါတယ်.. သူ့ကိုရွေးချယ်ပြီး brush အဖြစ်သုံးမယ်ဆိုရင်

ရပါပြီ..

ပုံ(3)

image 3

အဟီး….နဲနဲဆက်လျှာရှည်ချင်တာကတော့ ဒါကို brush ဖိုင်အဖြစ် ရာသက်ပန် မသေမချင်းသုံးချင်ရင် save ထားပြီး install
လုပ်နည်းလေးပါ…ပုံ(3)ရဲ့မြင်ကွင့် အတိုင်းကို နဲနဲလေး ထပ်လုပ်လိုက်ပါတယ်

..အောက်ပါပုံ(4)လေးကို ထပ်ကြည့်ပီး save brush ကိုရွေးနှိပ်ပါ…ထို့နောက် window

explorer ကနေ save လိုက်မယ် ဆိုရင် brush file လေးရပါပြီ..ကိုယ်save

တဲ့နေရာကိုတော့ မှတ်သားထားရပါမယ်..ကြည့်လိုက်ပါ..

ပုံ(4)

image 4

ပုံ(5)

image 5

အထက်ပါ အဆင့်နှစ်ခုပီးသွားရင် ကိုယ်ပိုင် brush file ရပါပီ ….ဒါကို install လုပ်ဖို့တွက် ဆက်ပြောပါမယ်..

ကျွန်တော်တို save လုပ်ထားခဲ့တဲ့ Brush File ကို copy လုပ်လိုက်ပါ…..

Window ပေါ်က Photoshop နဲ့ပတ်သက်တဲ့ Application တွေကို ပိတ်လိုက်ပါ…

Start Menu->All Programs ကနေ adobe photoshop Cs…. ကိုright click လုပ်ပီး properties ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ဘောက် မှာ open file
location ကိုဝင်လိုက်ပါ..window xp မှာဆိုရင်တော့ Find Target

ကိုနှိပ်ရင်ရပါတယ်…ဒီ ထဲမှာ Presets Folder ထဲကိုဝင်လိုက်ပါ..Brushes ဆိုတဲ့

Folder ထဲကို ထပ်ဝင်လိုက်ပီးရင်တော့ right click လုပ်ပီး Paste

လုပ်လိုက်ပါ….ပီးရင် ပိတ်..နောက် ခုနဖွင့်ထားတဲ့ properties box ကို Apply-> ok

လုပ်….ကိုယ်ပြန်သုံးချင်တဲ့ခါကျရင်.. brush tool ရဲ့ Right click ထဲမှာတင်

အဆင်သင့် ရနေပီဖြစ်ပါတယ်…

နောက်တစ်ခါကြက်တိုးပီး သိရင်လဲ ခုလိုထပ်တင်သွားပေးသွားပါမယ်....



သက်အောင်

Photoshop ဖြင့် 3D Snooker များဖန်တီးကြည့်ခြင်း


အဟီး ဇွဲကပင်မှာ ပိုစ့်မတင်ဖြစ်တာလဲ ကြာပီ….မအားလို့ပါဂျာ… အချို့ အကိုတွေကတော့ မေတ္တာပို့နေလောက်ပီ..စ တုန်းကတော့ “အကိုတို့ရေ.. ဇွဲကပင်မှာ ဖိုရမ်လုပ်ကြမယ်ဆိုပီး ယားခဲ့တာ..ပီးတော့ ကိုယ်က ချောင်ထဲရောက်နေလို့ အွန်လိုင်းတက်မရဘူး..ကိန်ရော…ဒီကြားထဲသေဖော်ညှိုနေကျ ဒီဇင်ဖွေးကလဲ ရောပြီး ကူကိန်တယ်လေ..ဟီး လုပ်သာလုပ်တဲ့” “တော်ပါသေး၏ ကိုခန့်ချောတို့ ၊ဖိုးသက်တို့၊မဆောင်းနှင်းဖြူတို့ ရှိရှိသမျှသုံးဆယ့်ခုနှစ်မင်းတွေကယ်ပေလို့သာ ဖိုရမ်ရဲ့ဖိုတိုရှောခ့်ခန်းလေး မျိုးမပြုတ်တာ” ပေါ့ဗျာ….ဒါနဲ့ပဲ အားတဲ့ချိန်လေးဘာတင်ရင်ကောင်းမလဲ စဉ်းစားတော့

www.photoshoplady.com မှာ ကျွန်တော်ကြည့်ဖူးတဲ့ ကျူတိုရီရာယ်လေးသတိရတယ်..အဲ့တော့ မထူးပါဘူးဆိုပီး မီးကျိုးမောင်းပျက် လန်ဂွိလေးနဲ့ ဘာသာလေးရမ်းသန်းပြန်ပီး.. ရွှီးကြည့်တယ် မဆိုးဘူး…(ကိုယ်ကို့ကိုယ်အမွှမ်းတင်လိုက်တယ် :P )ပီးတော့ ဒီဘက်လာရွှီးပြန်တယ်..

အခု ဖိုတိုရှော့ခ်ရောင်စုံဘောလုံးလေးများဖန်တီးကြည့်ပါမယ်….3D ဘောလုံးလေးတွေပါ… ဒါ့ကြောင့် အဓိကအနေနဲ့ အလင်းအမှောင်၊အရိပ်နဲ့ဘက်ဂရောင်းတွေကို ဦးစားပေးအသုံးပြု ထားပါတယ်….

အရင်ဆုံး Background Color ကို သတ်မှတ်ပါမယ်…အရောင်ရွေးချယ်တဲ့နေရာမှာ Fore Ground Image တွေကို ပေါ်လွင်စေဖို့အတွက် အရောင်နဲနဲမှိုင်းတဲ့ Dark Warm Brown အရောင်ကိုရွေးချယ်လိုက်ပါတယ်… ဒါပြီးရင်တော့ ကျွန်တော်တို့ ရွေးချယ်လိုက်ပြီးတဲ့ Background နဲ့ Photoshop မှာ သင့်တော်သောDocument တစ်ခု (New တစ်ခု တောင်းခြင်းကို ဆိုလိုပါတယ်.)တည်ဆောက်ပါမယ်…ဒါဆိုရင် အောက်ပါအတိုင်းရ ရှိပါမယ်…..

Elliptical Marquee Tool ကို အသုံးပြုပြီး Selection အဝိုင်းတစ်ခု ရေးဆွဲပါမယ်….ထိုသို့ ရေးဆွဲရာမှာ Shift Key ကို ဖိပြီးမှ Draft လုပ်ခြင်းဖြင့် အချိုးကျကျ ညီညာစေမှာ ဖြစ်ပါတယ်….ကိုယ်လုပ်လိုက်တဲ့ Selection ကို Layer အသစ်ရစေ ရန်တွက် CTRL + J ကို နှိပ်ပါ… ဒါဆိုရင် Layer Palette

မှာ Layer 1 ဆိုပြီး Background Layer ရဲ့အပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်..ပိုမို သိသာစေရန် BG Layer ရဲ့ မျက်လုံးပုံလေးကို တဲ့တဲ့ နှိပ်လိုက်ပါ ..ဒါဆို နောက်ခံ Transperent ဖြစ်သွားပြီး Layer 1 ရဲ့ Object ကိုမြင်တွေ့ရပါမယ်… ၄င်း Layer 1 ရဲ့ Icon ကို ကီးဘုတ်မှ CTRL Key ကိုင်ထားရင်း တချက်ကလစ်ပေးလိုက်ပါ… ထို့နောက်အရောင်တခုခု ဖြည့်စွက်ပါ… ကျွန်တော် အစိမ်းရောင်သုံးလိုက်ပါမယ်.. ပြီးတော့ layer Name ကိုလဲ Green လို့ Rename လုပ်လိုက်ပါမယ်.. အောက်ပါ ပုံတွေကို တဆင့်ချင်းကြည့်ရင် သဘောပေါက်မှာပါ….

Shift +Elliptical Marquee Tool=

CTRL + J =

CTRL + Layer 1 Icon And Fill Green; The Results is..

နောက်တဆင့်အနေနဲ့ ကတော့ ဘောလုံးတလုံးထဲမသင့်တောလို့ နောက်တလုံး CTRL+J ကိုနှိပ်ပြီးခွဲယူပါမယ်....ဟုတ်ပြီ ဒါဆို Layer Palette မှာ Layer 1 ဆိုပြီး ဘောလုံးအစိမ်းနဲ့ layer တစ်ခု ထပ်ထွက်လာမယ်….အပေါ်ပုံအတိုင်းပဲ CTRL + Layer1 Icon ကိုနှိပ်ပြီး စက်ဝိုင်း ကို Selection ယူ ..အနီရောင်ကို Fill လုပ် နောက်ပြီး Red လို့ပါ နာမည်တခါထဲ ပြောင်းခဲ့ပေးပါ…. Red Layer အား Deselect မလုပ်ခင်..Menu->Select->Inverse ကိုရွေးချယ်ပြီး Deleteလုပ်ပေးခဲ့ပါ… မလုပ်မိရင်တော့Layerအရှုပ်ထုပ်ပြသနာတွေတက်လာမှာဖြစ်ပါတယ်….

ထို့နောက် Move Tool ကိုင်ပြီး Green Layer နဲ့လွတ်အောင် ဘေးဘက်ကို နဲနဲဆွဲထုတ်လိုက်ပါ.. အောက်မှာကြည့်လိုက်ပါ..



အခုလိုLayer တခုစီနဲ့ အဝိုင်းနှစ်ခု တည်ဆောက်ပေမဲ တခုနဲ့တခု ပြုလုပ်ပုံခြင်းကတော့ ပုံတူပဲ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်…

Layer Palette -> Green Layer ကို Right Click လုပ်ပြီး Blending Optionကို ဝင်လိုက်ပါ… Layer Style Dialogbox ပေါ်လာပါမယ်..Inner Growကိုဝင်ပြီးSettingကိုအောက်ပါပုံအတိုင်းချိန်ပါ..သတိထားရမှာသုံးချက်ဖြစ်ပါတယ်…အနီရောင်ကွင်းပြီး ပြထားပါတယ်…

The Result Image is Below;

Layer Palette ->CTRL+Green LayerIcon ပြုလုပ်ပါ….ဒါဟာ Selection လုပ်ခိုင်းမှန်းသိလောက်ပြီးဖြစ်ပြီလို့ထင်ပါတယ်..ပုံမဆွဲတော့ဘူး..ဟီးးးးး

Menu->Select->Modify->Contract ကိုနှိပ်ပါ.. Contract Selection Box မှာ

Pixel ကို 20 ထားပီး OK လုပ်ပါ…နောက်CTRL+ALT+D ကိုနှိပ်ပြီး ပေါ်လာတဲ့

Father Radius Box မှာ 5 pixel သတ်မှတ်ပြီး OK လုပ်ပါ…ဒါပြီးရင်တော့ Shift + CTRL +N -> Enter လုပ်ရင် Layer Palette မှာNewLayerတစ်ခုရပါမယ်…

အပေါ်မှာ လုပ်ခဲ့တဲ့ Selection ကို Deselect မလုပ်ဘူးနော်…

Tool Box မှာ Foreground Color ကို အဖြူထားလိုက်ပါမယ်..နောက် Gradient Tool ကိုရွေးချယ်ပါ… Gradient Editor ကိုတော့ White->Transperent color သတ်မှတ်ပြီး OK နှိပ်ပါ….Gradient Tool ကိုသုံးပြီး အသစ်တောင်းထားတဲ့ Layer ပေါ်မှာ အထက်မှ အောက်သို့Color Fillလုပ်လိုက်ပါ..အလင်းရောင်အပေါ်ဘက်က လာတဲ့သဘောသက်ရောက်စေတာဖြစ်ပါတယ်…..အဆင့် (5)တွင် Selection လုပ်စဉ်အခါက Feather Radius လုပ်ခဲ့ခြင်းကြောင့် အခုလိုGradient Tool သုံးတဲ့အခါ အနားသတ်တွေ မညီညာခြင်းမှ ကာကွယ်ပေးတယ်ဆိုတာ ကို အမှတ်ရပါ…ကဲ.ပုံတွေကြည့်လိုက်ပါဦး..

CTRL +D ကိုနှိပ်ပြီး Deselect လုပ်ပါ ထို့နောက် Move Tool လေးကိုင်ပြီး layer အသစ်လေးကို ဘောလုံးဧရိယာထိပ်ဖက်နားတွန်းပို့ပါ..ပုံကနေကြည့်ရင် အလင်းဟာ အရာဝတ္တုရဲ့ -45Degree မှ လာတယ်ဆိုတာဖြစ်နေရပါမယ်…အလင်းကွက်လေးပြီးရင် အရိပ်ထုတ်ပါမယ်…Green Layer ကို Right Click လုပ်ပြီး Blending Option လုပ်တဲ့ အခါ Layer Style Box ပေါ်လာပါမယ်….Drop Shadow အကွက်ကို Double Click လုပ်ပြီး OK ပါ..ဒါဆိုရင် layer palette ရဲ့ Green Layer မှာ Drop Shadow ဆိုတဲ့ Effect တခု တိုးလာပါမယ်..သူ့ကို Right Click လုပ်ပြီး Create layers လုပ်လိုက်ပါ.. Effect တွေကို သီးခြား Layer တစ်ခုစီအဖြစ်ခွဲထုတ်လိုက်တာပါ…ဒီအခါ Inner Grow နဲ့ Drop Shadow ရဲ့ Layer တွေထွက်လာပါမယ်… Green’s Drop Shadow ရဲ့ Layer ကိုပဲ သုံးပါမယ်…ကဲ ဒီနှစ်ဆင့်ရဲ့ပုံတွေပါ…

အရင်ဆုံးကျွန်တော်တို့သုံးမယ့် Green’s Drop Shadow Layer ကို Opacity ပြင်ပါမယ်…. အပေါ်ပုံရဲ့ထောင့်နားမှာ 100% ဆိုတာကို 50% သို့လျှော့ပါ..အရိပ်ပါးပါးထုတ်လိုက်တဲ့သဘောပါ…အလင်းရောင်ဟာ အရာဝတ္တုရဲ့ထိပ်ဖက် -45 Degree မှ လာတဲ့တွက် အရာဝတ္တုရဲ့ +135 Degree ရောက်အောင် အရိပ်ကို ထုတ်ပေးရပါမယ်..ဒါမှ 180 Degree ပြည့်မှာပါ..Free Transform Tool (CTRL+T) ကို တချက်ယူရပါမယ်… Shift Key ကိုကိုင်ထားရင်း အပေါ်ဘက်မှ (ဘောလုံးဖက်မှ)နောက်ဘက် 135Degree ထိ တွန်းပို့ရပါမယ်… Free Transform Tool သုံးပုံကိုကြည့်ပါ…

လိုချင်တဲ့နေရာရောက်ပြီဆိုရင် Enter ခေါက်ပါ.. Apply လုပ်ခြင်းဖြစ်ပါတယ်

ထို့နောက် Elliptical Marquee TooL ကိုယူပြီး အဝိုင်း Selection လေးတစ်ခု အတွင်းပိုင်းမှာယူ အဖြူရောင်ဖြည့် သင့်တော်တဲ့ နာပါတ်တခုထိုးလိုက်တဲ့အခါ မှာ 3D Snooker Ball လေးရပါပြီ…ခုန ခဏမေ့ထားတဲ့ အနီရောင်ဘောလုံးလေးကိုလဲ ဒီနည်းအတိုင်း လုပ်ရပါမယ်..ဒါဆို ကျွန်တော်တို့ ဒီကျူတိုရီရာယ်ရဲ့ Final Results ကအောက်ပါအတိုင်းလေးဖြစ်ပါတယ်…..

Sothink_SWF Creator

Sothink Swf Creator with Crack..

အပိုင်း (၁)

အစကတော့ Software လေးတင်ယုံသက်သက် လို့ ရည်ရွယ်တာပါ..ဒါမဲ့ ကျွန်တော်က အွန်လိုင်း မှာ

အရင်လိုနေ့တိုင်းမရှိနေနိုင်ဘူးလေ.. တပတ်မှာ တခါလောက်သာလာတော့နိုင်တာမို့.. Reply

တွေမလုပ်နိုင်တဲ့အခါကျတော့ ဘော်ဒါတွေကို အားနာမိတယ်..ဒါ့ကြောင့် သုံးနည်လေးပါ တတ်သလောက်

မှတ်သလောက် ရွှီးရေးပီး တင်ထားခဲ့ပါတယ်…

ဒါက Default View ..အဲ နောက်ထပ် Modify View လဲမရှိပါဘူး..ဒီ Version မှာ ဒီတခုပါပဲ …ဟီးးး

Web သမားတွေ အဆင်ပြေမဲ့ Buttons ဘက် ပဲ လှည့်ရအောင်ဗျာ..ဒါကတော့ GettingStart အဆင့်ပါ..

Button လုပ်ချင်တာမို့ Navigation Button -> OK ပါ.. File Menu -> New From Template ကနေ

သွားလို့လဲ ရပါတယ်…

Select Template Dialog Box မှာTemplate တစ်ခုခုရွေးပေးလိုက် ပေါ့….ဒါဆိုရင်

အောက်က ပုံအတိုင်းပေါ်ပါမယ်…

No.1 ကိုနှိပ်ရင် နောက်ထပ် Add Button Box ထွက်လာပါမယ်…No.2 (Text ) နေရာမှာ

နာမည်ရိုက်ထဲ့ရပါမယ်..ဥပမာ Google Home Page ကို သွားချင်တယ်ဆိုပါတော့..ဒါဆို Google ပေါ့…

No.3 (Link to;) နေရာမှာတော့ URL ထဲ့ပါ..(sample ;http://www.google.com) လို့ရေးရပါမယ်..

No.4 (target ) မှာ blank ကိုပေးရပါမယ်..ဒါမှ ကိုယ်ပြုလုပ်တဲ့ Button ကိုနှိပ်လိုက်ရင် Browser မှာ

New Tag နဲ့ပွင့်မှာပါ….self မှာထားရင်တော့ လက်ရှိစာမျက်နှာမှာ ပွင့်လာမှာဖြစ်ပါတယ်…

No.5 (Continue adding )ကတော့ ကျွန်တော်တို့ရွေးချယ်တဲ့ Template နဲ့ Button နှစ်ခုကို Horizontal

ဖြစ်ဖြစ် Vertical ဖြစ်ဖြစ် ယှဉ်ထားချင်တယ်ဆိုရင် Continue adding ကို check mark ပေးပြီး No.6 ဖြစ်တဲ့

OK နှိပ်ပါ..

ဒါဆို Add Button Box မှာ နောက်တကြိမ် ပြန်ဖြည့်ရပါမယ်.. ဥပမာ Yahoo ထပ်ထဲ့ချင်တယ်ဆိုပါတော့

No.2 ကနေ No.4 ထိ Google နေရာမှာ Yahoo ကို အစားထိုးထဲ့ သွားလိုက်ရင် ရပါပြီး ..ဒါပြီး OK ပေါ့…

ထပ်မပေါင်းတော့ရင် cancel လုပ်ပါ…ပြီးရင် No.7 Next ကနေ သွားလိုက်ရင် Horizontal ဖြစ်ဖြစ် Vertical

ဖြစ်ဖြစ် တခုရွေးခိုင်းပါလိမ့်မယ်.. ကိုယ်လုပ်မဲ့ဟာရွေးပြီး Next -> Finish ပါ…… Work Space မှာ ကျွန်တော်တို့

ရဲ့ Button ပေါ်လာပါမယ်… Work Space ရဲ့အောက်ခြေမှာတော့ Scene‘s Properties Box ကို

မြင်ရပါလိမ့်မယ်..ဒီထဲမှာ BG color ပြောင်းတာ.. width & height ကို ညှိုတာတွေ လုပ်ယူနိုင်ပါတယ်..

Sothink Swf Creator ဟာ Zawgyi Myanmar Font ကို support မလုပ်တဲ့အတွက် Button တွေ မှာ

မြန်မာလို ရေးချင်ရင်တော့ အခြား Font ကို သုံးပါမယ်.. အနီးစပ်ဆုံး win- Font တွေပေါ့…

Work Space ထဲက Button ကို ကလစ်တချက်ပေးလိုက်ပါ…ဒါဆိုရင် စောစောက Scene’s Properties Box

ဖော်ပြရာနေရာမှာ Object’s Properties Box ဖော်ပြပေးပါလိမ့်မယ်.. ဒီနေရာမှာ တော့ Object ဆိုတာ Button

ကို ရည်ညွှန်းတာ သဘောပေါက်မယ် ထင်ပါတယ်…ဟုတ်ပြီ ရလာတဲ့ Box ထဲမှာ Advanced ဆိုတဲ့ Tag

တစ်ခုတွေ့ရပါမယ်…အဲ့ဒါ နှိပ်ရမှာပါ…..အောက်ပုံမှာကြည့်ပါ…

Advanced Box ပေါ်လာပါမယ်….Menu တွက်Text ,Shape, Sound ဆိုပြီး သုံးခု သို့မဟုတ်

နှစ်ခုရှိနေတတ်ပါတယ်… Text ထဲကိုဝင်ပြီး ပုံမှာပြထားတဲ့အတိုင်းတဆင့်ချင်းလုပ်ကြည့်ပါ့..

1 No.A – Edit Text ကိုနှိပ်ပါ…

2 No.B – Font ကို ပြင်ပါမယ်.. Arial နေရာမှာ Win တစ်ခုခုပေါ့..ဥပမာ (Win-Taungyi)

No.C – မူရင်းရေးသားခဲ့တဲ့Text ကိုပြင်ပါမယ်….Box ထဲက စာတွေကို select လုပ်ပြီးရိုက်ရပါမယ်..

မြန်မာလိုတခါထဲပေါ်မှာ မဟုတ်ပါဘူး.. OK ပေးပြီးမှ နောက်တဆင့်မှာပေါ်မှာဖြစ်ပါတယ်..

No.D – Character အစိပ်အကျဲချိန်ရပါမယ်.. 0 မှာထားတာအကောင်းဆုံးဖြစ်ပါတယ်..

No.E/F – ဒီအဆင့်တွေမှာ Text ‘s position ကိုချိန်ပေးရပါတယ်….

No.G - OK ကိုနှိပ်ပါ…

ဒါဆိုရင် မြန်မာလိုပေါ်နေပြီဖြစ်ပါတယ်….

အခြား Menu များဖြစ်တဲ့ Shape နဲ့ sound များကိုလဲ လုပ်ကြည့်ပါ…..

Work Space ရဲ့ Standard Bar မှာ Preview, Preview In Browser, Export Moview and Publish

စတဲ့ Button လေးတွေ အခုပုံလေးအတိုင်းရှိနေပါတယ်…လုပ်ကြည့်ပါ..

File သိမ်းတာကတော့ Export Movie ကနေ သိမ်းလိုက်ပါ.. …ဒါဆိုကျွန်တော်တို့ လိုချင်တဲ့ SWF Button

လေးတွေ ရပါပြီ….

အပိုင်း(၂)

ကဲ ဒီတခါကတော့ ကျူတိုရီရယ် သဘောမျိုးလေး လုပ်ကြည့်မယ်ဗျာ..

သစ်ရွက်လေးလေးထဲပျံကြည့်မယ်..

File->New ဒါဆို Document အလွတ်တခု ကျလာမယ်…. Properties box မှာ နောက်ခံကို

အနက်ရောင်ပြောင်းလိုက်မယ်…Width နဲ့ High ကို သင့်တော်သလိုထားပါ…

နောက်တဆင့်.. work Space ရဲ့ ညာဘက်ခြမ်းမှာ Resource ဆိုတာရှိပါတယ်..

Default->Education->Graphics->Flower ဆိုတာထိသွားပြီး အထဲက သစ်ရွက်ပုံလေးကို document

အတွင်းသို့ draft And drop လုပ်ပါ…ဒီလိုလေးမြင်ရပါမယ်…

Time Line မှာ Effect ကိုနှိပ်ပါ(Timeline မတွေ့ပါက Menu ->View->Timeline)….ထို့နောက်

Motion Path->curve ကို ယူလိုက်ပါ..Object Frame အတွင်းမှာ ကလစ်တချက်ချပြီး ကျန်ကလစ်များကို ပုံမှာ

ပြထားတဲ့အတိုင်းဆက်ပြသွားပါ…….

ထို့နောက် Preview ကနေ ကြည့်နိုင်ပါပြီ.. Timelime အတွင်းမှာရှိတဲ့ Effect ကိုဆွဲဆန့်ရင် နှေးနှေးရွေ့လျားပြီး

ချုံ့ရင်တော့ မြန်ဆန်လာမှာဖြစ်ပါတယ်….

နောက်တမျိုး

ပန်းလေးတွေ ပွင့်ကြည့်မယ်..

Resource ထဲက ပန်းပွင့်လေးတခုကို Document ထဲသို့ဆွဲထဲ့ပါ..

ထို့နောက် Timeline->Effect->Entrance->Flower(Mouse နဲ့တည်ထားခြင်းဖြင့် Effect Preview

မြင်ရပါတယ်) နှိပ်လိုက်ပါ.. ထို့နောက် Preview ကြည့်လိုက်ရင် မြင်ရပါပြီ…..

Mediafire Download

Ziddu Download

Hulkshare Download

ဆံပင်များအားဖြတ်ယူခြင်း .

How Can I Select To The Hair?....

ဆံပင်တွေ ကို select လုပ်နည်း

Photoshop ကို စ ကြည့်ကာစတုန်းက Tools တွေ အကြောင်းလေ့လာဖြစ်တယ်… ဆိုပါတော့ Selection Tool

ရယ်လို့...ဒီမှာ ကွိုင်တစ်ခု တက်နေတာက ဆံပင်တွေ ကို နောက်ခံနဲ့ ဖြတ်ယူတဲ့ အခါ

အကုန်ပါမလာဘူးလိုက်ပြင်ရင်းနဲ့တုံးတိတိ တေ ဖြစ်ကုန်တော့ ဘေးနားက အမှတ်တမဲ့ ကြည့်မိတဲ့သူက“ ဆံပင်လဲ

ညှပ်တတ်တယ်လား ”တဲ့…ဘယ်လိုပြန်ပြောရမှန်းမသိဘူး….ဒါနဲ့ ကျွန်တော့်ထက် Photoshop နဲ့ပတ်သက်ရင်

အတွေ့အကြုံ အများကြီးရှိတဲ့ ကိုဘုန်းကို မေးကြည့်မိတယ်… သူက လုပ်နည်းလေးတစ်ခု ပြောပြလို့

အဆင်ပြေသွားပါတယ်.. အခု သတိရလို့ ဒီနည်းလေး ပြန် share ပေးလိုက်ပါတယ်..အဟီး ခုထိလဲ Photoshop

ကို မကျွမ်းသေးပါ…

Step -1 Open

အရင်ဆုံး ကိုယ် ဖြတ်ယူချင်တဲ့ပုံကို Photoshop မှာ ဖွင့်လိုက်ပါ..

Menu->Filter->Extract (or) Alt+Ctrl+X ကိုနှိပ်လိုက်ရင် အောက်ပါပုံအတိုင်း Extract Box

ပေါ်လာပါမယ်..No.1 က Tool Box ဖြစ်ပြီး No.2 က Tool Option Box ဖြစ်ပါတယ်…

အနီရောင်ကွင်းပြထားတဲ့ Highlighter ဆိုတဲ့ Tool ကိုယူပါ….Tool size ကို တော့

Tool Option Box ထဲက Brush size မှာ ချိန်ပါ….Zoom in /Zoom out ကိုတော့ (Ctrl)+ (+) နဲ့ (Ctrl)+(-)

လေးတွေနှိပ်ပြီး ချုံနိုင်ချဲ့နိုင်ပါတယ်..ထို့နောက် Highlighter Tool ဖြင့် အောက်ပါ အတိုင်း

ဆံပင်အနားစပ်ကလေးတွေကို လိုက်ခြယ်ရပါမယ်.. brush size မကြီးမသေးဖြင့်

စိတ်ရှည်လက်ရှည် လိုက်လုပ်နိုင်ရင်ပိုကောင်းပါတယ်… Brush တင်လိုက်ပြီဆိုရင် အစိမ်းရောင် Highlight

တွေနဲ့ပေါ်လာပါလိမ့်မယ်..တခု သတိထားရမှာကတော့ Documents ရဲ့ အဆုံးမှတ်တွေထိ ဆွဲပေးရပါမယ်..

ဒါမှသာ ကိုယ်လိုချင်တဲ့ အပိုင်းနဲ့ မလိုချင်တဲ့ အပိုင်း ကွဲပြားစေနိုင်မှာဖြစ်ပါတယ်…သိသာအောင်

အနီရောင်လေးထောင့်ကွင်းနှစ်ခု ပြပေးထားပါတယ်.. အောက်ကပုံကိုကြည့်ပါ..

OK မပေးပါနဲ့ဦး…..နောက်တဆင့်ကတော့ Tool Box ထဲက Fill Tool ကိုယူပြီး ကိုယ်ယူမဲ့အပိုင်းဘက်မှာ

ကလစ်တချက် သတ်မှတ်ပေးပါ…ဒါဆိုရင်တော့ အပြာရောင် Highlight နဲ့ အုပ်ပြပေးပါလိမ့်မယ်…အောက်ကပုံ

ကိုကြည့်ပါ….

စိတ်တိုင်းကျပြီဆိုပါက Extract Box ရဲ့ Ok ကိုနှိပ်နိုင်ပါပြီ..ဒါဆိုရင် ရ ရှိလာမဲ့ Result Image ကတော့

အောက်ပါအတိုင်း Background Transparent နဲ့ဖြစ်ပါတယ်..

အခြား Selection များကို ဆက်လက်သုံးစွဲပြီး ကျန်တဲ့အပိုင်းတွေကို ဖြတ်ယူလို့ရပါပြီ…