Friday, October 14, 2011

Create Mountain In Photoshop

Create Mountain In Photoshop

သင့်တော်တဲ့ ပုံတစ်ပုံကို Photoshop မှာအရင်ဆုံး Open လုပ်ရပါမယ် ….

ပုံ (၁)

Selcction Tool တစ်ခုခုကို သုံးပြီး (ဥပမာ Lasso tool)ပုံရဲ့အပေါ်ပိုင်း ကောင်းကင်ဘက်ခြမ်းကို selection တစ်ခုလုပ်ယူရပါမယ်…feather radious က တော့ 2 လောက်နဲ့သင့်တော်ပါလိမ့်မယ်…

ပုံ (၂)


ကီးဘုတ်မှ delete ကိုနှိပ်ပါ ထို့နောက် deselect လုပ်လိုက်ရင်အောက်က ပုံအတိုင်းပေါ်ပါမယ်…

ပုံ(၃)


(ကျွန်တော်ကလဲ အတော်လျှာရှည်တယ်နော်.. အစကတဲက ကောင်းကင်ကြီးဖျက်ပလိုက် အောက်ပိုင်းက တောင်ကုန်းလုပ်မဲ့အပိုင်းကိုချန်ထားလို့ပြောလိုက်ရင် ပီးနေတာကို :P :P)

ဟုတ်ပါပြီ နောက်တခုကတော့်filter သုံးရပါမယ်..Filter မသုံးခင် ကျွန်တော်တခု အကြံပေးချင်တာကတော့ အခုကျွန်တော်တို့ဖွင့်ထားတဲ့ပုံလေးကို မူရင်းမပျက်စေပဲ Filter သက်ရောက်စေတာ ပိုကောင်းမယ်လို့ထင်ပါတယ်….ဒါ့ကြောင့် Layer palette မှာရှိတဲ့ Background Laayer မှာ right click လုပ်ပြီး convert to smart object ဆိုတဲ့စာသားကိုသွားနှိပ်ပေးရပါမယ်…

ပုံ (၄)


နောက်တဆင့် Menu ဘားမှ Filter->Distort->Twirl အဆင့်ဆင့်ဝင်လိုက်ပါTwirl Dialogbox ပေါ်လာပါမယ်…Settingချိန်လို့ရတဲ့နေရာတွေကိုအနီကွင်းပြထားပါတယ်…Previewမှာကြည့်ပြီးချိန်လို့ရပါပြီ….ပုံ (၅)


ဒါဆို ကျွန်တော်တို့လိုချင်တဲ့ တောင်ကုန်းက အောက်ပါပုံအတိုင်းဖြစ်ပါလိမ့်မယ်…

ပုံ (၆)



နဲနဲ တစ်ခါက်ပြန်ရစ်ချင်တာကတော့ စောစောက Smart Object လုပ်ခဲ့တဲ့အတွက် layer palette

မှာက အောက်ပါပုံအတိုင်းပေါ်ပါမယ်….

ပုံ(၇)


ထို smart filter ဘေးက မျက်လုံးပုံလေးကို အပိတ်အဖွင့်လုပ်ကြည့်ပါက Filter မသုံးမီပုံနဲ့ Filter သုံးပြီးပုံ အဆင့်ကို သိသာစွာတွေ့နိုင်ပါတယ်……အခြားသော လှိုင်းလုံးအသွင်တို့ ၀ဲကတော့အသွင်တို့ကိုပါ Twirl Filter နဲ့ပြုလုပ်နိုင်တာတွေ့ရပါလိမ့်မယ်….



5 Easy Photo Effects (Video Tutorial)

How To Insert Brushes In Photoshop

မနေ့က Brushes file တွေတင်ပေးပြီး အသုံးပြုနည်းမပြောလိုက်မိလို့..ဒီနေ့ ဒီပိုစ့်လေးထပ်တင်ပေးသွားပါတယ်…. တခါတစ်လေ ပုံတွေကိုဖန်တီးတဲ့အခါမှာပါ… ဒီပိုစ့်က အခြေခံ တစ်ခုအဖြစ် အထောက်ကူပေးမယ်လို့ ထင်ပါတယ်.. new တစ်ခုတောင်းလိုက်ပါတယ်ပြီးတော့ ရလာတဲ့ page မှာ ကျွန်တော်လိုချင်တဲ့ ပုံစံလေးတစ်ခုကို selection tools တစ်ခုသုံးပြီးတော့ အောက်မှာ ပြထားတဲ့တိုင်း color fill လုပ်ပါတယ်
ပုံ(1)
….ဂီတသင်္ကေတလေးတစ်ခုပါ..ဒါကို brush အဖြစ်သုံးပါမယ်… Alter+E ကိုနှိပ်လိုက်ပါ..နောက်ပီး B ကိုနှိပ်လိုက်မယ် ဆိုရင် အောက်ပါပုံ(2)လေး အတိုင်းရပါမယ်.. နာမည်ပေးရမဲ့အကွက်မှာကတော့ music1 လို့ သတ်မှတ်လိုက်ပါတယ်..ဒါကတော့ကြိုက်တဲ့နာမည် သတ်မှတ်လို့ ရပါတယ်….ပြီးရင် အိုကေနှိပ်ပေါ့…
ပုံ(2)
Work space ရဲ့ဘယ်ဘက်ခြမ်းက tool box ထဲမှာ brush ကိုရွေးချယ်ပါ..နောက် ကိုယ်ဖွင့်ထားတဲ့ ပုံပေါ်မှာ right click လုပ်လိုက်ပြီး ပုံ(3)မှာ ပြထားတဲ့နေရာမှာ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့လုပ်ထားတဲ့ brush ကလေးကိုတွေ့နေရပီ ဖြစ်ပါတယ်.. သူ့ကိုရွေးချယ်ပြီး brush အဖြစ်သုံးမယ်ဆိုရင် ရပါပြီ..
ပုံ(3)
save ထားပြီး install လုပ်နည်းလေးပါ…
ပုံ(3)ရဲ့မြင်ကွင့် အတိုင်းကို နဲနဲလေး ထပ်လုပ်လိုက်ပါတယ် ..အောက်ပါပုံ(4)လေးကို ထပ်ကြည့်ပီး save brush ကိုရွေးနှိပ်ပါ…ထို့နောက် window explorer ကနေ save လိုက်မယ် ဆိုရင် brush file လေးရပါပြီ..ကိုယ်save တဲ့နေရာကိုတော့ မှတ်သားထားရပါမယ်..ကြည့်လိုက်ပါ..
ပုံ(4)
ပုံ(5)
အထက်ပါ အဆင့်နှစ်ခုပီးသွားရင် ကိုယ်ပိုင် brush file ရပါပီ ….ဒါကို install လုပ်ဖို့တွက် ဆက်ပြောပါမယ်..
ကျွန်တော်တို save လုပ်ထားခဲ့တဲ့ Brush File ကို copy လုပ်လိုက်ပါ…..
Window ပေါ်က Photoshop နဲ့ပတ်သက်တဲ့ Application တွေကို ပိတ်လိုက်ပါ…
Start Menu->All Programs ကနေ adobe photoshop Cs…. ကိုright click လုပ်ပီး properties ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ဘောက် မှာ open file location ကိုဝင်လိုက်ပါ..window xp မှာဆိုရင်တော့ Find Target ကိုနှိပ်ရင်ရပါတယ်…ဒီ ထဲမှာ Presets Folder ထဲကိုဝင်လိုက်ပါ..Brushes ဆိုတဲ့ Folder ထဲကို ထပ်ဝင်လိုက်ပီးရင်တော့ right click လုပ်ပီး Paste လုပ်လိုက်ပါ….ပီးရင် ပိတ်..နောက် ခုနဖွင့်ထားတဲ့ properties box ကို Apply-> ok လုပ်….ကိုယ်ပြန်သုံးချင်တဲ့ခါကျရင်.. brush tool ရဲ့ Right click ထဲမှာတင် အဆင်သင့် ရနေပီဖြစ်ပါတယ်…ဒါဆို အဆင်သင့်ပြုလုပ်ပြီးသား Brushes ဖိုင်တွေကိုလဲ ဒီတိုင်း လုပ်လို့ရပါပြီ…

Monday, October 10, 2011

Photoshop Brushes (Download)

ဒီနေ့တော့ ဖိုတိုရှော့ ဘရပ်လေးတွေ စုစည်းပြီး တင်ပေးလိုက်ပါတယ်... လိုချင်တဲ့သူတွေအခက်ခဲရှိမှာစိုးလို့
File Hosting လုပ်ရာမှာ လေးနေရာလောက်မှာ တင်ပေးထားပြီး အပိုင်းကလဲ ကိုးပိုင်းခွဲမိတော့ တယောက်ထဲ တိုင်ပတ်သွားတာဖြစ်တဲ့အတွက် အကြာကြီးတင်လိုက်ရတယ်...
ပိုစ့်တခုပဲ တင်ရတော့တယ်.
Brushes In Mediafire Uploaded
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Brushes In Ziddu Uploaded
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Brushes In Hulkshare Uploaded
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Brushes In Ifile.it Uploaded
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)

Sunday, October 9, 2011

Under Water Effect

Under Water Effect

1.ဖိုင်အသစ်တစ်ခု 400px by 400px တောင်းပြီး#86d0ff color ဖြင့် Fill လုပ်ထားပါ.ပုံ (၁)



အောက်ပါပုံအတိုင်း Layer Pellete မှ New layer တစ်ခုကိုတောင်းယူပါ..
ပုံ(၂)
Tools Box တွင် Foreground color 86d0ff နှင့် Background Color #3daef5 ကို သတ်မှတ်ပါ..ထို့နောက် Gradient Tool ကိုအသုံးပြုပြီး Documentရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ ညာဘက်အောက်ထောင့်သို့ fill လုပ်ပါ..
Filter/Artistic/Watercolor သို့ဝင်ပြီးအောက်ပါ အတိုင်းချိန်ပါ….
ပုံ (၃)
Result Image ကတော့ ဒီတိုင်းဖြစ်ပါတယ်..အပေါ်အဆင့်တွေမှာမှားခဲ့ရင် ဒီအဆင့်မရောက်ပါဘူး..
ပုံ(၄)
ထို့နောက် Filter/Sketch/Chrome ကိုဝင်ပြီး အောက်ပါအတိုင်းထပ်ချိန်ပါ…
ပုံ (၅)
Result Image ကအောက်ပါအတိုင်းဖြစ်ပါတယ်…
ပုံ (၆)
Layer Pellete ထဲကိုဝင်ပြီး စောစောက အသစ်တောင်းထားတဲ့ Layer ကို Select လုပ်ပါ..Blending Option ခေါ်ပြီး color Mode မှာscreen color ထားပါ…
ပုံ (၇)
ဒီအဆင့်မှာပဲ Filter/Render/Lighting Effects မှ အောက်ပါအတိုင်းပြောင်းလဲယူပါ..
ပုံ (၈)
Image/Adjustments/Brightness/Contrast ကိုထပ်ဝင်ပါ..အောက်ပါအတိုင်းBrightnessကို30မှာထား ပါ.. ..
Blending Option မှာတော့ Hard Light ကိုထားပေးရပါဦးမယ်..
ပုံ (၉)
အောက်ဆုံး မှ Ballom File.PSD အား Download ယူပြီး လက်ရှိ Document အတွင်းသို့ Perspective ဖြစ်အောင် Insert လုပ်ပါ…
အပေါ်ဆင့် တုန်းကလိုLayer အသစ် တစ်ခု တည်ဆောက်ပြီး #87d0ff color ဖြင့် Fill လုပ်ပါ.. Filter/Render/Lens Flare ကိုအောက်ပါပုံအတိုင်း ချိန်ပါ…ထို့နောက်Blending Option မှာ Linear Burn သို့ပြောင်းလဲပေးရပါမယ်..
Linear Burn သို့ပြောင်းလဲခြင်းဖြင့် အောက်ခံလေယာကို ဖောက်မြင်ပြီး လက်ရှိလေယာရဲ့အရောင်ကိုလဲ အနည်းငယ်ရင့်စေပါတယ်…
ပုံ (၁၀)
Latest Image Result ကတော့အောက်ပါပုံအတိုင်းရရှိပါပြီ…
ဒေါင်းလုဒ် PSD
http://hulkshare.com/snorp1ar4t0g
http://www.mediafire.com/?aqtf908lbtb9i8l
http://www.ziddu.com/download/16734061/Ballon.rar.html
http://ifile.it/sh25otl ကဲ အဆင်ပြေတဲ့နေရာက ဆွဲသာဆွဲ...ဟူးးးးးးးးးးးးး မောလိုက်တာကွားးးးးးး

Burned Paper Effect

ဒီကျူတိုရီရာယ်ကတော့ စာရွက်ရဲ့အနားစွန်းလေးတွေ ကို အောက်ပါပုံအတိုင်း ဖန်တီးကြည့်တာပါ
ပုံ (၁)­­
အောက်ပါပုံက Setting အတိုင်းအသုံးပြုပြီး Document အသစ်တစ်ခုတည်ဆောက်ပါ..
ပုံ (၂)
Retangular Marquee ကိုယူ အောက်ပါပုံအတိုင်း selection လုပ်ပြီး white color ဖြင့် Fill လုပ်ပါ….
ပုံ (၃)
ပုံ (၄)
ကီးဘုတ်မှ Q ကိုနှိပ်ပါ… Filter -> Brush Strokes -> Spatter

Set the Radius to 20, Smoothness to 10, Click ok လုပ်ပါ…အောက်ပါပုံအတိုင်းဖြစ်ပါတယ်..
ပုံ (၅)







ပုံ (၆)
ပုံ (၇)
Q ကိုနှိပ်ပြီး mask ကိုပြန်ဖြူတ်ရပါတယ်..
ပုံ (၈)
Menu Bar မှ Select-> Modify-> Contract ကိုနှိပ်ပါ…Contraction Selection Box မှာ pixels တန်ဖိုးကို 3 ပေးပြီး ok နှိပ်ပါ..
ပုံ (၉)
အောက်ပါအတိုင်းရရှိပါမယ်..
ပုံ (၁၀)
Inverse Selection လုပ်ပါမယ်…(Shift+Ctrl+I )
Delete နှိပ်ပြီး ရွေးချယ်ထားတဲ့ feather radious 3 pixels နဲ့အပိုင်းလေးကို ဖျက်ပါ..
ထို့နောက် Blending Option ကို ၀င်ပါ….( Layer pellet ->Background-> right click -> Blending Option ကနေ ၀င်ပါ)..Setting ကို အောက်ပါပုံအတိုင်း ချိန်ပါ..
ပုံ (၁၁)

ဒီအဆင့်ပြီးရင်တော့ ကျွန်တော်တို့လိုချင်တဲ့ Burned Paper Effect

ကို အောက်ပါပုံအတိုင်းရရှိပါပြီ..
ပုံ (၁၂)

3D Perspective Embossed Photo Frame

ဖိုတိုရှောခ့်မှာ 3D Frame လှလှလေး တစ်ခု လုပ်ကြည့်ပါမယ်….
အရင်ဆုံး ထုံးစံတိုင်း New document တစ်ခု တည်ဆောက်ပါတယ်…..
လောလောဆယ်သုံးဖြစ်လိုက်တာက Resolution 72 နဲ့ 4x6 ပေါ့…
Tool Box ထဲက Foreground မှာ အပြာရင့်ရင့် (RGB Blue) နဲ့ Background မှာတော့ အနက်ရွေးပါ…….
Document ကို Blackground မှာရွေးချယ်ထားတဲ့ အနက် Fill လုပ်ပါ…
ထို့နောက် Ctrl+R ကိုနှိပ် Ruler ကိုခေါ်ကာ အောက်ပါပုံမှာပြထားတဲ့အတိုင်း
အကွက်များဆွဲပြီး Retangular Marquee Tool ဖြင့် selection လုပ်ရပါမယ်….
ပုံ (၁)
ထို့နောက် Deselect မလုပ်ပဲ ..ထို selection အတိုင်း CTRL+Jနှိပ်ခြင်းဖြင့်Layerပွားယူရပါမယ်…ဒါဆို Layer Palette မှာအောက်ပါအတိုင်းပေါ်ပါမယ်….
ပုံ (၂)

Layer 1 အား Right Click -> Blending Option မှ Bevel and Emboss အားအောက်ပါSetting အတိုင်း ချိန်ပါ…သို့သော် မိမိတောင်းထားသော Document Resolution ကွာခြားမှု ရှိနိုင်သဖြင့် နမူနာ-ပုံ (၄) ကိုကြည့်ပြီးချိန် နိုင်ပါတယ်……
ပုံ(၃)


Ctrl+; ကိုနှိပ်ပြီး Grid Line များကိုဖျောက်လိုက်ပါ…..
effected layer ဖြစ်သော Layer 1 ရဲ့ Layer Style ပေါ်မှ Bevel and Emboss ပေါ်သို့ Right Click ကနေCreate Layers သို့ ပြောင်းလဲ ပေးပါ..ထို့နောက် Background Layer ကို Invissible လုပ်ရပါမယ်(Layer Palette ထဲက Layer ရဲ့ဘေးမှာ ရှိတဲ့ မျက်လုံးပုံလေးကို ကလစ်ပေးလိုက်ရင် ရပါတယ်….)…ထို့နောက် Layer 1 ကို Select ->Shift + Ctrl + E ကိုနှိပ်ပြီး Layer Merge လုပ်ရပါတယ်…. စောစောက Invissible လုပ်ထားတဲ့ Layer ကိုပြန်ဖော်နိုင်ပါပြီ….ဒီနေရာမှာ ဘာကြောင့် Effect တွေကို Create Layer လုပ်ရသလဲ ?...စဉ်းစားစရာ တစ်ခုဖြစ်နေတတ်ပါတယ်.. နောက်တစ်ဆင့်နေရာမှာ ကျွန်တော်တို့ Lasso Tool ကို သုံးပြီး Select လုပ်ကာ Blending Option ကို ထပ်မံချိန်ညှိုရမှာ ဖြစ်တဲ့အတွက် ဒီအဆင့်ထဲ့ပေးရခြင်းပဲ ဖြစ်ပါတယ်…
အောက်ကပုံကိုနမူနာကြည့်ပြီး layer 1 ပေါ်တွင် Lasso Tool ဖြင့် Selection ယူပါ….
ပုံ (၅)

Ctrl + J ဖြင့် layer ပွားယူပါ…ဒါဆိုရင် Layer 2 ဆိုပြီး နောက်ထပ်Selection အတိုင်း layer တစ်ခုထပ်ရပါမယ်….
ဒီ Layer ကို Blending Option ထပ်ဝင်ပြီးအောက်က ပုံတွေအတိုင်း တဆင့်ချင်း ချိန်ကြည့်ပါ….
ပုံ (၆)
ပုံ (၇)
ပုံ (၈)
အပေါ်ပုံတွေ အတိုင်း Blending Option ချိန်ညှိုပြီးပါက အောက်က Resulted Image နဲ့ တိုက်ကြည့်နိုင်ပါတယ်..
ပုံ (၉)
စိတ်ကြိုက်ဖြစ်ပြီဆိုပါက Background Layer အားချန်ထားပြီး Layer 1 နဲ့Layer 2 ကို Shift + Ctrl + E ဖြင့် ပေါင်းပေးပါ….
သင့်တော်သောပုံတစ်ပုံကို Insert လုပ်ရပါမယ်…Image Insert အနေနဲ့ ကျွန်တော် img313 ဆိုတဲ့ပုံကို Photoshop open မှတဆင့်ခေါ်တင်လိုက်ပါတယ်…ထို့နောက် Ctrl + A ->Ctrl+C ဆိုတဲ့ select all နဲ့ copy အဆင့်တွေကိုလုပ်ပါတယ်…ထို့နောက် အသင့်ပြုလုပ်ထားပြီး Frame Layer ထဲကို Paste လုပ်ပါတယ်…. Paste လုပ်ရာမှာ Layer Palette မှ Background Layer ကို select လုပ်ပြီး Ctrl + V နဲ့ ထဲ့ပါတယ်..Layer 1 နဲ့ Background အတွင်းသို့ရောက်သွားမှ ပုံက ဘောင်အတွင်းသို့ ၀င်နေမှာဖြစ်တဲ့အတွက်…Background Layer ပေါ်သို့ Paste လုပ်ခြင်းပဲ ဖြစ်ပါတယ်…..အောက်ကအဆင့်အတိုင်းပါ..
ပုံ (၁၀)
ပုံ (၁၁)
ဒီလိုထဲ့သွင့်ပြီး ထောင့်တွေကိုအချိုးညီညီ လိုက်လံညှိုယူခြင်းဖြင့်…Layer (1) + (2) +Background ဒီသုံးခုကို Match ဖြစ်စေပါတယ်…ဒါပြီးရင်တော့ Layer 1+2 ကို Shift + Ctrl + E ဖြင့်ပေါင်းပါ…
Background Layer ကိုချန်ထားရပါမယ်…ဒါမှ နောက်ထပ် Document ထဲကို Copy လုပ်ထဲ့တဲ့အခါ
ဘက်ဂရောင်းကြီးပါမလာမှာဖြစ်ပါတယ်….
နောက်တစ်ဆင့်…Tool Palette ထဲမှာ စောစောက ပေါင်းလို့ ရလာတဲ့ Layer 1 ကိုရွေးချယ်ပြီး Ctrl+A ->Crtl +C ဖြင့် ကော်ပီယူထားပါ… ထို့နောက်…New Document တစ်ခု ဖိုတိုရှော့မှာထပ်ယူပါ..ဘက်ဂရောင်းကို အနက်ရောင် Fill လုပ်ပါ…ဒီ Document အသစ်ထဲမှာ Ctrl + V ဖြင့် Paste လုပ်ပါ….
Ctrl + T ကိုသုံးပြီး အောက်မှာကျွန်တော်ပြထားတဲ့ အတိုင်း ထောင့်တွေကို ညှိုယူရပါမယ်..
ပုံ (၁၂)
ပုံ (၁၃)
ဒီပုံအတိုင်းပေါ်ပါမယ်….
ပုံ (၁၄)
အရိပ်ထုတ်ပေးရပါမယ်..ဒါမှလဲ Perspective Image တစ်ခုဖြစ်ပါမယ်..
Tool palette ထဲက background layer ကို select လုပ်ပြီး palette အောက်ခြေနားမှာရှိတဲ့ Create New Layer ကို နှိပ်ပြီး Transparent layer တစ်ခုတောင်းပါ..နောက် Gray ဖြင့် Fill လုပ်ပါ …
ပုံ (၁၅)
..အခုလို color fill လုပ်ထားတဲ့ layer ကို ပုံ no 13 နှင့် 14 အတိုင်းပြုလုပ်ပါ….ဒါဟာလဲ Shadow ထဲ့နည်းတမျိုးပဲ ဖြစ်ပါတယ်……ပြီးရင်တော့ စိတ်ကူးထဲပေါ်သလို အကြီးတစ်ခု အသေးတခုပွားပေးလိုက်ပါတယ်… Final Image Result ကတော့
ပုံ(၁၆)
အခု ဖော်ပြပေးတဲ့ Tutorials လေးက တခုထဲဆို ထင်သလောက်လှပမှုမရှိပါဘူး ဒါမဲ့ ဒီလို ပုံလေးတွေကို Foreground Image အဖြစ်သုံးလိုက်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေစေပါတယ်… လူကြီးမင်းတို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ပေါ်ထွက်လာဖို့အတွက် လေ့ကျင့်မှုများခြင်းက အထောက်အကူကောင်း.ဖြစ်စေပါတယ်….